မြန်မာနိုင်ငံဘောဂဗေဒအသင်း၏ ပညာရပ်ဆိုင်ရာဟောပြောပွဲ

မြန်မာနိုင်ငံဘောဂဗေဒအသင်း၏ ပညာရပ်ဆိုင်ရာဟောပြောပွဲကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၊ (၂၀)ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ် …
.
အဆိုပါအခန်းအနားသို့ မြန်မာနိုင်ငံဘောဂဗေဒအသင်းမှ ဥက္ကဌနှင့် ကော်မတီဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှူဆောင်များလည်း လိုက်ပါအားပေးခဲ့ကြပြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ/ဆရာများနှင့် ကျောင်းသား/သူများ စုံညီစွာတက်ရောက်ကာ စိတ်ဝင်တစားဖြင့် တက်ကြွစွာ မေးမြန်းဆွေးနွေးသွားကြတာကိုလည်းတွေ့ရပါတယ် …
.
ဟောပြောဆွေးနွေးပွဲတွင် အသင်းဥက္ကဌဦးကြည်ထွန်းမှ ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး၊ ပညာရပ်ပြန့်ပွားရေးနှင့်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ဆရာကြီးဦးအောင်ထူးမှ “What is Economics”၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဆရာဒေါက်တာတင်ထူးနိုင်မှ “Behavioural Economics in Today’s World”၊ ဆရာဦးမြင့်ဇော်မှ “YOUTH in AI Age” ခေါင်းစဥ်များဖြင့် ဟောပြောပို့ချပေးခဲ့ကြပြီး၊ ဦးသူရိန်ငြိမ်းမှ အသင်းဖြစ်ပေါ်လာပုံနှင့်အသင်းလှူပ်ရှားမှုများအကြောင်းရှင်းလင်းတင်ပြကာ၊ မော်ဒရေတာအဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ် …
.
တက်ရောက်လာသူများသို့ အမ်အီးအေမှတ်စုစာအုပ်များဖြန့်ဝေပေးနိုင်ခဲ့ပြီး၊ မေးမြန်းဆွေးနွေးသူများနှင့် ကျောင်းစာကြည့်တိုက်သို့ ထုတ်ဝေထားသည်း သုတေသနစာစောင်နှင့် မဂ္ဂဇင်များ ပေးအပ်ခဲ့သလို၊ ကျောင်းအုပ်ကြီးမှလည်း ကျောင်းအမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါတယ် …
.
ဒီပွဲလေးဟာ ပညာရပ်ဆိုင်ရာပြန့်ပွားရေးသာမက၊ ဆရာများရဲ့ ထူးခြားတဲ့အမြင်နဲ့အတွေးအခေါ်များကိုပါ ပညာဒါန အဖြစ်တွေ့မြင်ရတဲ့အတွက် ကျောင်းသား/သူများအတွက်သာမက တက်ရောက်သူအားလုံးအတွက် အကျိုးများစေမယ်လို့လည်း ယုံကြည်ပါတယ်။ MEA အနေနဲ့ ဟောပြောပို့ချပေးခဲ့တဲ့ ဆရာများကိုလည်း ဂုဏ်ယူစွာဖြင့်ကျေးဇူးမှတ်တမ်းတင်ရှိအပ်ပါတယ် …
.
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံဘောဂဗေဒအသင်း

Call Us

+959 799596234

Working Hours

Monday-Saturday
9:00 AM - 5:00PM