Myanmar Economics Association (MEA)
- The Department of Economics was originally founded under Yangon University in 1924. In 1964, it was established as a separate institution known as the Yangon Institute of Economics, which commemorated its centennial anniversary in 2024.
- During the preparatory meetings for the Golden Jubilee celebration of the Yangon Institute of Economics, alumini holding economics degrees came together and decided to establish the “Myanmar Economics Association”.
Objectives
To enhance and disseminate economic knowledge through organizing seminars, conducting research papers, publishing books, and awarding scholarships …
ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများအား ကျန်းမာရေးကူညီခြင်း
ဒုဥက္ကဌ ဒေါ်ထားထားအေး – 095124540
အတွင်းရေးမှူး ဒေါ်အေးအေးလှိုင် – 095040823 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
2025 Activities Plan
1. Outreach Programs
-
Talk Shows and Industry Interviews on Social Media
-
Seminars Online and at Universities
-
Training
2. Policy Advocacy
3. Dissemination of Economics Education
4. Education of High School Students
5. Field Trips and establishing relations with market associations Institutions in Thailand
6. Publishing annual research journals and booklets
Events & Activities
မြန်မာနိုင်ငံဘောဂဗေဒအသင်း သတ္တမအကြိမ်မြောက်အာစရိယပူဇော်ပွဲ (4.10.2025)
မြန်မာနိူင်ငံဘောဂဗေဒအသင်း၏ရာသက်ပန်အသင်းဝင်ကတ်ပေးအပ်ပွဲနှင့်အတွဲ(၇) အမှတ်(၁)စာစောင်၂၀၂၅တွင်ပါဝင်ရေးသားကြသော စာမူရှင်များအားဂုဏ်ပြုခြင်းစာစောင်တွင်ကြော်ငြာအားဖြင့်ပံ့ပိုးကူညီခဲ့သောလုပ်ငန်းရှင်ကြီးများအားဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့(၂၁.၁၂.၂၀၂၅)တနင်္ဂနွေနေ့ နေ့လည်၂:၃၀...
မြန်မာနိုင်ငံဘောဂဗေဒအသင်း၏ ပညာရပ်ဆိုင်ရာဟောပြောပွဲ
မြန်မာနိုင်ငံဘောဂဗေဒအသင်း၏ ပညာရပ်ဆိုင်ရာဟောပြောပွဲကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၊ (၂၀)ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ် ... . အဆိုပါအခန်းအနားသို့ မြန်မာနိုင်ငံဘောဂဗေဒအသင်းမှ ဥက္ကဌနှင့်...
MEA & NYRDDCYGN (20.8.2025)
ဘာသာရပ်ပြန့်ပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ
ရည်ရွယ်ချက်
ဘောဂဗေဒဘာသာရပ်ပြန့်ပွားရေးကို ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ဒီဂျစ်တယ် နှင့် ပုံနှိပ်ဆောင်းပါးများ၊ ဗွီဒီယိုတို့ဖြင့်ဆောင်ရွက်ရန်၊ အခြေခံပညာအတန်းများတွင် ပညာရပ်ပြန့်ပွား ရေးနှင့် သင်ထောက်သူ ပို့ချမှုများကို Online သင်ကြားမှုများ နှင့် အထောက်အကူပြုပို့ချချက်များ ထုတ်ဝေခြင်းဖြင့် ဆောင်ရွက်ရန်၊ ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့များနှင့် မိတ်ဖက်ထူထောင်ရန်၊ ယင်းတို့၏လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ရန် နှင့် ပူးတွဲမြှင့်တင်ရေးလုပ်ငန်းများ၊ သုတေသနများပြုလုပ်ရန်
၂၀၂၅-၂၀၂၆ခုနှစ်အတွက် လုပ်ဆောင်ရန် ရည်ရွယ်ထားချက်များ
A. Outreach Programmes
o Facebook
o Seminars
o Universities
o Training
B. Policy Advocacy
C. Dissemination of Economics Education
D. Education for High school students
E. Field Trips and establishing relations with market associations
o UMFCCI
o Industrial zones
o Wholesale markets
o Online Markets
o Retailed Markets
o Car and EV markets
o Real estate markets
o Rice Markets
o Pulse and beans markets
o Energy markets
o Renewable energy markets
o Live Cattle/sheep and goat markets
o Fish farms and exports
o Clothing and textile markets
o Labour export markets
F. International relations
– Establishing relations with East Asia Studies Group
– Establishing relations with Eurasia Group
– Establishing relations with academic institutions in Thailand
– Establishing relations with academic institutions in China
– Establishing relations with academic institutions in China, Taipei
– Establishing relations with academic institutions in India
– Establishing relations with ISEAS in Singapore
– Establishing relations with economic counsellors in Embassies based in Myanmar
လုပ်ဆောင်ချက်များ
ကမ္ဘာဘဏ်နှင့် မိတ်ဖက်ထူထောင်ခြင်း (၂၁-၃-၂၀၂၅)
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် မိတ်ဖက်ထူထောင်ခြင်း(သ)
ပူးတွဲဟောပြောပွဲများ ကျင်းပခြင်း
– သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်၊ သံလျှင် (၂၅-၂-၂၀၂၅)
– ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်(၂၀-၈-၂၀၂၅)
ပုဂ္ဂလိက လုပ်ငန်းများ နှင့် မိတ်ဖက်ထူထောင်ခြင်း
အခြေခံပညာအထက်တန်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများအတွက် ပို့ချခြင်း
– အခြေခံပညာ၊ တက္ကသိုလ်ဝင်တန်း ဘောဂဗေဒဘာသာရပ်ဖြေဆိုမည့်သူများအတွက် “G-12 Exam အတွက် ပြင်ဆင်ခြင်း ခေါင်းစဥ်ဖြင့် ပို့ချခြင်း (၂၆-၁-၂၀၂၅)
– ပြန်လည်ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/ကျောင်းသားများအတွက် ဘောဂဗေဒဘာသာရပ် ပို့ချဆွေးနွေးခြင်း (၂၀-၅-၂၀၂၅)
ဘာသာရပ်ဆိုင်ရာဆောင်းပါးများ ဒီဂျစ်တယ်နှင့် ပုံနှိပ်ထုတ်ဝေရေးကော်မတီ ဖြင့် ပူးတွဲ ထုတ်ဝေခြင်း
– လူတိုင်းအတွက် ဘောဂဗေဒ(၁)
– ဘောဂဗေဒပညာရှင်များအတွက် ဘောဂဗေဒ(၂)၊ စီးပွားရေးလုပ်ငန်းအမှုဆောင်အရာရှိချုပ်များနှင့် အသိဥာဏ်တုနည်းပညာ(အေအိုင်) (၄-၃-၂၀၂၅)
– လူနေမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု၊ ဒေါက်တာခင်စောငြိမ်း (၂၈-၂-၂၀၂၅)
– ဘောဂဗေဒပညာရှင်များအတွက် ဘောဂဗေဒ(၁)၊ စီးပွားရေးသိပ္ပံနိုဘယ်ဆု ရခဲ့တဲ့ – သီအိုရီအချို့နှင့် ပတ်သက်၍ တင်ပြခြင်း (၂၅-၂-၂၀၂၅)
– လူတိုင်းအတွက် ဘောဂဗေဒ(၂)၊ ဘဏ္ဍာရေးမူဝါဒနှင့် ငွေရေးကြေးရေးမူဝါဒ (၁၂-၂-၂၀၂၅)
– လူတိုင်းအတွက် ဘောဂဗေဒ(၃)၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာခြင်း (၁၈-၂-၂၀၂၅)
– လူတိုင်းအတွက် ဘောဂဗေဒ(၅)၊ အသပြာနှင့် ဒီဂျစ်တယ်ငွေကြေး (၂၆-၃-၂၀၂၅)
– ငလျင်ကြောင့် စီးပွားရေးအကျိုးသက်ရောက်မှုနှင့် ပြန်လည်ထူထောင်ရေးဘောဂဗေဒ (၂၇-၄-၂၀၂၅)
– ရေနံစိမ်းရဲ့ ပထဝီဝင် နိုင်ငံရေးဘောဂဗေဒ (၂၈-၆-၂၀၂၅)
– လူတိုင်းအတွက် ဘောဂဗေဒ(၆) မေခရိုစီးပွားရေး အညွှန်းကိန်းများကို လေ့လာသုံးသပ်ခြင်း (၁၇-၇-၂၀၂၅)
– ကမ္ဘာကုန်သွယ်ရေးအဖွဲ့၊ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာကုန်သွယ်ရေးပြန်လည် စီစဥ်မှုအလားအလာ (၂၃-၆-၂၀၂၅)
Research and Development Committee
Objectives
1. To ensure Research and Development Publication promoting scholarly work.
2. To motivate faculties and students to publish their research work in economic papers.
3. To coordinate with Academic Dissemination & External Relations Committee and other related Committees in MEA organized activities.
4. To engage in sharing the importance of economics for various stakeholders.
5. To make networking opportunities for early-career professionals and new generations to enhance knowledge sharing
သုတေသန နှင့် ဖွံ့ဖြိုးမှုကော်မီတီ
၁။ သုတေသန နှင့် ဖွံ့ဖြိုးမှုအတွက် ပညာရပ်ဆိုင်ရာ စာစောင်များကို ရိုက်နှိပ်ထုတ်ဝေရန်။
၂။ စာစောင်များတွင် ထည့်သွင်းထုတ်ဝေရန် စီးပွားရေးပညာရှင်များ၊ ဘောဂဗေဒဌာနများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသူ/သားများအား သုတေသနစာတမ်းများ ရေးသားပြုစုရေး အတွက် အားပေးလှုံ့ဆော်ရန်။
၃။ စာစောင်များပုံမှန် ထွက်ရှိရေးအတွက် MEA အတွင်း ဖွဲ့စည်းထားသော ဘာသာရပ်ပြန့်ပွားရေး နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ အခြားဆက်စပ်မှုရှိသော ကော်မတီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်။
၄။ ဘာသာရပ် နှင့် ပါတ်သက် ဆက်နွယ်မှုရှိသော ဌာနအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီး တို့နှင့် မိတ်ဖက် ပြုလုပ်ပြီး၊ ဘောဂဗေဒဘာသာရပ်၏ အခန်းကဏ္ဍကို မြှင့်တင်ရန်။
၅။ အငြိမ်းစားပညာရှင်များ နှင့် မျိုးဆက်သစ်ပညာရှင်များ အကြား ကွန်ရက်ချိတ်ဆက်မှုများ ဖန်တီးပေးပြီး၊ သက်ကြီးပညာရှင်များ၏ အတွေ့အကြုံများ ကို မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း အမွေ ဖြန့်ဝေပေးနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်
ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းများ
Volume 1
1. Health Impacts of Industrial Waste Water Pollution
2. Willingness to Pay for Bawditataung Nature Reserve
3. Impacts of Pesticide Use on Human Health
4. Mangrove Conservation in Myanmar
5. Land Degradation and Effect on Crop Profitability in Myanmar
6. Economic Losses to the Agricultural Sector from Water Pollution
7. Role of Government & Its Development Management Capability
8. Role of Treasury Bill and Treasury Bonds in Myanmar
(b) Economic Papers in 2021
Volume 2
1. The Importance of Governments’ Development Management Capability and Nation Building Spirit in Achieving Sustainable Development
2. Analysis of Economic Recovery in Myanmar
3. A Pragmatic Solution for Housing Deficit in Myanmar; Public Rental Housing
4. The Impact of Yangon Region Infrastructure with Respect to Hlaing Thayar Industrial Zone
5. Determinants of Export Performance in ASEAN 6 Economies
6. An Analysis of the Myanmar Economy under ASEAN Economic Integration
7. Influencing Factors on Migration and its Impacts of Thabawa Nature Centre in Thanlyin, Yangon
8. Thailand’s New Special Economic Zone Policy and Migrant Labour Market Situation in Mae Sot
ဆောင်ရွက်ဆဲလုပ်ငန်း
Volume 3
1. A Brief Analysis of the Great Recession in the United States.
အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပေါ်ခဲ့သောစီးပွားရေးကျဆင်းမှုကြီးကို လေ့လာဆန်းစစ်ခြင်း
2. Energy Security, optimal electricity generation mix and implications for Myanmar.
စွမ်းအင် ဖူလုံရေးနှင် လျှပ်စစ်ထုတ်လုပ်မှုတွင် အသင့်တော်ဆုံးစွမ်းအင်ဇစ်မြစ်များ ရောစပ်မှုအချိုးအစား – မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်နိုင်မှု
3. Myanmar Agriculture: Challenges and Prospects
မြန်မာ့လယ်ယာစိုက်ပျိုးရေး : စိန်ခေါ်မှုများနှင့် အလားအလာများ
4. Economic Thoughts Under Myanmar Kings
မြန်မာဘုရင်များလက်ထက် စီးပွားရေးအတွေးအခေါ်များ
5. An overview to understand the consequential impact of earthquake loss:
ငလျင်အန္တရာယ်ပျက်စီးဆုံးရှုံးမှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို လေ့လာခြင်း
6. Connecting Farmers to Markets: Agricultural Value Chains and Economic Impact
in Mango Sector
တန်ဖိုးမြင့်မြန်မာ့သရက်ထုတ်ကုန်များ ဈေးကွက်ချိတ်ဆက်ခြင်းနှင့် စီးပွားရေးအခြေအနေ
7. An Empirical Study on the Determinants of Manufacturing SMEs Development in Yangon Region
ရန်ကုန်တိုင်းဒေသကြီးရှိ အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ဖွံ့ဖြိုး တိုးတက်မှု ကို လွှမ်းမိုးထားသောအချက်များအား လေ့လာဆန်းစစ်ခြင်း
8. An In-Depth Analysis of the Six Pillars on Entrepreneurship Development in Myanmar: A Strategic Ecosystem Approach
မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းများတိုးတက်မှုအပေါ် မဏ္ဍိုင် (၆) ခု၏ အကျိုးသက်ရောက်မှု ကို Strategic Ecosystem Approach နည်းအရ လေ့လာဆန်းစစ်ခြင်း
ဒေါက်တာ သန်းညွန့် (နာယက)
၁၀ နှစ် သက်တမ်းရှိလာပြီဖြစ်သော မြန်မာနိုင်ငံ ဘောဂဗေဒအသင်း (MEA)မှ ဘောဂဗေဒ ပညာရပ်ကို စိတ်ဝင်စားသူ များ၊ ချစ်မြတ်နိုးသူများ၊ စီးပွားရေး ပညာရှင်များ ၊
စီးပွားရေး လုပ်ငန်းရှင်များ နှင့် အသင်း ဝင်များ တိုးပွားလျှက်ရှိရာ။ အသင်းမှ ဆရာကန်တော့ပွဲများ ၊ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ ၊လူမှု ရေး လုပ်ငန်းများ ၊
သုတေသနစာစောင် နှင့် မဂ္ဂဇင်း ထုတ်ဝေခြင်းများ အမြဲမပြတ်ဆောင်ရွက်နေခဲ့ သည့်အတွက် ချီးကျုးဂုဏ်ယူမိပါတယ်။
ဤအစဉ်လာကောင်းများကို နောင်မျိုးဆက်သစ်များ ထိတိုင် ဆက်လက်ဆောင်ရွက်နိုင်ကြပြီး MEA အဓွန့်ရှည် စေရန် ဆောင်ရွက်ကြဖို့တိုက်တွန်းပါတယ်။
ယခု MEA Website တည်ထောင်၍လည်း ဘောဂဗေဒ ချစ်မြတ်နိုးသူများ ချိတ်ဆက်မှုပိုမိုရရှိနိုင်မှာဖြစ်လို့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်
ဆက်လက်အောင်မြင်ပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။
ဦးမြတ်သိန်း (နာယက)
မျိုးဆက်သစ်တွေကို ပြောချင်တာက အလုပ်ကိုချစ်မြတ်နိုးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်တာဝန်ချိန်မှာ တာဝန်သိပြီး စိတ်ပါဝင်စားစွာ သင်ကြားပေးကြဘို့၊ ဆရာနဲ့ ကျောင်းသား အပြန်အလှန် နှီးနှောပညာယူသင်ကြားပို့ချရင် ကိုယ့်ပညာလည်းပိုပြီး ထက်မြက်လာမှာပါလို့ မှာချင်ပါတယ်။ အထူးသဖြင့် အလုပ်ကို ဝန်ပိတဲ့အနေနဲ့ မမြင်ဘဲ ပျော်ရွှင်မှုတစ်ရပ်အနေနဲ့ စိတ်ပါဝင်စားစွာ တာဝန်ထမ်းဆောင်ဘို့ မှာချင်ပါတယ်။
ဘောဂဗေဒပညာရပ်က အရေးပါတဲ့ ဘာသာရပ်ဖြစ်သလို ဘာသာရပ်ရဲ့ ကျယ်ပြန့်နက်ရှိုင်းမှုကို အထူးဂရုစိုက် လေ့လာပြီး အသုံးချနိုင်ဘို့ လေ့ကျင့်ဘို့ လိုအပ်ပါတယ်။
ဦးခင်မောင်ညို MEA ဥက္ကဌ (၂၀၁၄- ၂၀၁၆)
ဒေါက်တာ ဦးကျော်မင်းထွန်း MEA ဥက္ကဌ (၂၀၁၆-၂၀၂၀)
ဘောဂဗေဒ၏ အရေးကြီးသော အခြေခံဥပဒေသတစ်ခုမှာ “အစွန်းထွက်စဉ်းစားမှု” ဖြစ်သည်။
စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးသည် “အစွန်းထွက် သဘောစဉ်းစားခြင်း” အပေါ်အခြေခံသည်။
လုပ်/မလုပ် ဆုံးဖြတ်ချက်တိုင်းသည် အခြေအနေတစ်ခုလုံးကို စဉ်းစားခြင်းမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် စဉ်းစားဆုံးဖြတ်ခြင်းဖြစ်သည်။
(“Bit By Bit” Decisions, not all-or-nothing ones) အနည်းငယ် ထပ်တိုး/ထပ်လျှော့ လုပ်ဆောင်ခြင်းကြောင့် ရမည့်အကျိုးနှင့် ဆုံးရှုံးစွန့်လွှတ်ရမည့်
စရိတ်တို့ကို နှိုင်းယှဉ်ဆုံးဖြတ်ခြင်းဖြစ်သည်။
“စိတ်ကောင်းရှိဖို့ ပထမ
ရိုးသားဖို့ ဒုတိယ
စာနာဖို့ ပဓာန”
ဒေါက်တာမောင်အောင် MEA ဥက္ကဌ (၂၀၂၀- ၂၀၂၄)
မြန်မာနိုင်ငံဘောဂဗေဒအသင်း(MEA)အနေနဲ့အဓိကရှည်မှန်းချက်များဖြစ်တဲ့ပြည်သူလူထုအကြားဘောဂဗေဒပညာရပ်ပိုမိုပြန့်နှံ့စေဘို့နဲ့
ပြောင်းလဲဖြစ်ပေါ်နေတဲ့စီးပွားရေးဖွံ့ဖြိုးမှုအသိပညာများကျယ်ကျယ်ပြန့်ပြန့်သိရှိစေဘို့
MEA website pageစတင်နိုင်ခြင်းကများစွာအထောက်အပံ့ပြုမှာဖြစ်လို့အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း နဲ့
MEAရဲ့လုပ်ဆောင်မှုများယခင်ကထက်ပိုမိုအောင်မြင်မယ်လို့ယုံကြည်ပါတယ်
ဦးကြည်ထွန်း MEA ဥက္ကဌ (၂၀၂၅ -၂၀၂၇)
“အိမ်ထောင်စုတစ်ခုရဲ့စီမံခန့်ခွဲတဲ့ ပညာလို့
ဘောဂဗေဒရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ
အခြေခံအကျဆုံးနဲ့
အလွန်ရိုးရှင်းလှသော်လည်း
လက်တွေ့ကျင့်သုံးတဲ့အခါမှာ အထူးခက်ခဲနက်နဲလှပါတယ်”







